PARENTS

Corona Virus Advice

Corona Virus Advice

PARENTS

လေးစားချစ်ခင်ရတဲ့ STI School Academy ကျောင်းသား၊ ကျောင်းသူတို့ရေ...​COVID 19 ကာလအတွင်းမှာ ကျန်းမာရေးအထူးဂရုစိုက်ကြဖို့ မေတ္တာဖြင့် သတိပေးပါရစေနော်.....​​ယခုလိုအချိန်မှာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို အထူးဂရုပြုလိုက်နာကြဖို့လည်း အလွန်အရေးကြီးပါတယ်.....​​ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ​​📌တတ်နိုင်သမျှ မိမိနေအိမ်၌သာနေထိုင်ခြင်း။​​📌မဖြစ်မနေအပြင်ထွက်ရပါက Mask ကိုတပ်ဆင်ခြင်း။​​📌နှာချေချောင်းဆိုးပြီးတိုင်း၊ Mask ကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း၊ ငွေစက္ကူပိုက်ဆံများကို လက်ခံကိုင်တွယ်ပြီးတိုင်း၊ အပြင်မှပြန်လာသည့်အခါတိုင်းမှာ လက်ကို အနည်းဆုံးစက္ကန့် ​ ၂၀ ကြာအောင် စနစ်တကျ ဆေးကြောခြင်း။​​📌Social Distancing ဖြင့်နေထိုင်ခြင်း။​​📌ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်ခြင်း စသည်တို့ကို အထူးဂရုပြုလိုက်နာကြဖို့ တိုက်တွန်းလိုပါတယ်။​​လူချင်း‌‌ေ၀◌းနေကြပေမယ့် နှလုံးသားချင်းနီးနိုင်ကြပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ ကို အားလုံး ကျန်းကျန်းမာမာ အောင်အောင်မြင်မြင်နဲ့ဖြတ်ကျော်ပြီး အားလုံးအေးချမ်းသွားတဲ့အခါ ကျောင်းမှာပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လည်ဆုံတွေ့ကြပါစို့နော်…​​အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေလို့ STI School Academy မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ် 🙏🙏🙏