Blog

Welcome our new Dean Dr. Manivanan Saman

Welcome our new Dean Dr. Manivanan Saman

Blog

STI Myanmar University ၏ Dean of Faculty of Business ဖြစ်တဲ့ Dr. Manivanan Saman နှင့် မိတ်ဆက်ပေးပါရစေခင်ဗျာ....​ ​ 👨‍💼Dr Manivanan Saman ဟာဆိုရင်ဖြင့်အဆင့်မြင့်ပညာရေးနယ်ပယ်တွင် ၂၄ နှစ်ကြာ အတွေ့အကြုံကောင်းများရှိပြီး စီးပွားရေးအကြံဥာဏ်ကောင်းများနှင့် ထက်မြက်လှသော ဆရာ တစ်ဦးဖြစ်ပါသည်။ Dr Manivanan Saman သည် Doctor of Business Administration, Victoria University (VU), Northumbria University, UK , Master's Degree in International Business (Frederick Taylor University, United States), Bachelor Degree in Business Administration (University Kebangsaan Malaysia, Malaysia)စသည့်ဘွဲ့များကိုရရှိထားသူဖြစ်ပါသည်။ ဆရာကြီးသည် Malaysia နိုင်ငံ၏ ထိပ်တန်းပညာရေးအဖွဲ့အစည်း တစ်ခုဖြစ်သော INTI University and Colleges တွင်လဲ Dean အဖြစ်နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဆရာကြီးသည် Hollan, Germany, Turkey, Austrila နှင့် UK အစရှိသောနိုင်ငံကြီးများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင်ဆရာကြီးဟာ NAPEI (National Association of Private Education Institution) တွင် National Council Member အဖြစ်နှစ်ပေါင်းများစွားပါဝင်ခဲ့ပါသည်။ ဆရာကြီးသည် "ကျောင်းသားဗဟိုပြုသင်ကြားရေး" စနစ်ကို လက်ခံယုံကြည်သူ တစ်ဦးဖြစ်ပြီး စာသင်ခန်းအတွင်းရှိ သင်ယူမှုအကြောင်းအရာများ၊ လှုပ်ရှားမှုများ၊ သင်ထောက်ကူများကို ကျောင်းသား၊ကျောင်းသူများစိတ်ပါဝင်စားအောင် သင်ကြားပေးနိုင်သူလည်းဖြစ်ပါသည်။ ​ ​ ➡️" Be inspirational and transform the lives of the young" ဆိုသည်မှာ ဆရာကြီး၏ ကိုယ်ပိုင်လက်ဆွဲ ဆောင်ပုဒ်တစ်ခုပဲ ဖြစ်ပါသည်။ ဆရာကြီးသည် နေ့စဥ်နှင့် အမျှ ပညာရေးပိုင်းကို အကောင်းဆုံးပြင်ဆင်ကာ အနာဂတ်၏မျိုးဆက်သစ်ခေါင်းဆောင်များအား တိုးတက်အောင် တွန်းအားပေး လှုံ့ဆော်လျက်ရှိပါသည်။​ ​ ​ 👨‍🏫August 2020 မှစ၍ ဆရာကြီးသည် STI Myanmar University နှင့်အတူလက်တွဲကာ Dean of Faculty of Business ရာထူးဖြင့် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကျောင်းသား၊ကျောင်းသူများအား သတင်ကောင်းပါးပါရစေ ခင်ဗျာ။ ယခုအခါမှာလည်း ဆရာကြီးသည် STI Myanmar University ၏ Faculty of Business သင်ကြားမှုပိုင်းတွင် ပိုမိုတိုးတက်ကောင်းမွန်သော နိုင်ငံတကာအဆင့်မီ သင်ကြားမှုပုံစံများဖြစ်စေရန် ​ ဆရာကြီး၊ ဆရာမကြီးများနှင့်အတူကြိုပမ်းဆောင်ရွယ်လျက်ရှိပါသည်။​ ​ 📚ကျောင်းသား၊ကျောင်းသူများ၏ ပိုမိုကောင်းမွန်သော တိုးတက်အောင်မြင်မှုများအတွက် STI Myanmar University မှစဥ်ဆက်မပျက်ကြိုးစားပေးလျက်ရှိပါကြောင်း ထပ်မံသတင်းကောင်းပါးပါရစေခင်ဗျာ။​ ​ 💡စီးပွားရေး ပညာရပ်အား စိတ်ဝင်စားသော ကျောင်းသား၊ကျောင်းသူများအနေဖြင့် ယခုလိုဝါရင့်ဆရာကြီး/ဆရာမကြီးများနှင့်အတူ လေ့လာသင်ယူနိုင်ရန် STI Myanmar University သို့ဖိတ်ခေါ်ပါရစေခင်ဗျာ။​